" International Day of Families "
🏡 မိသားစုဆိုတာ လူတိုင်းအတွက် ပထမဆုံး အားကိုးရာနေရာတစ်ခုပါ💁 ပျော်ရွှင်ချိန်တွေမှာ အတူရယ်မောပေးသလို 😄 ခက်ခဲချိန်တွေမှာလည်း လက်မလွှတ်ဘဲ ဖေးမပေးနေတဲ့ နွေးထွေးမှုဟာ “မိသားစု” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ 👶 စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ 📚 ပညာရေးနဲ့ 🌈 အနာဂတ်အိပ်မက်တွေကို အဓိကပုံဖော်ပေးတာလည်း မိသားစုဝင်တွေပဲ မဟုတ်ပါသလားခင်ဗျာ😊
ဒါပေမဲ့ ယနေ့ခေတ်ကမ္ဘာကြီးမှာ 🌍 မိသားစုဝင်အများစုဟာဆိုရင်
💸 ဝင်ငွေမတည်ငြိမ်မှု
🍼 ကလေးစောင့်ရှောက်မှုအခက်အခဲနဲ့
🏥 အခြေခံဝန်ဆောင်မှုတွေကို အလုံအလောက်မရရှိတာ
စတဲ့အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။
အထူးသဖြင့် ဝင်ငွေနည်းတဲ့ မိသားစုတွေမှာ 😔
ကလေးတွေရဲ့ 🩺 ကျန်းမာရေး၊ 📖 ပညာရေးနဲ့ ✨ ဘဝအရည်အသွေးတွေ ထိခိုက်လာတာကိုတွေ့မြင်နေရပါတယ်။
လုံလောက်တဲ့ အထောက်အပံ့မရှိရင် ကလေးတွေဟာ ဆင်းရဲမှုနွံထဲကို ကျရောက်သွားနိုင်ပြီး 🔄 သူတို့လေးတွေရဲ့ အနာဂတ်အခွင့်အလမ်းတွေကိုပါ ကန့်သတ်သွားစေနိုင်ပါတယ်။
🌐ဒါကြောင့်ပဲ ၁၉၉၃ ခုနှစ်မှာ United Nations က မေလ ၁၅ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မိသားစုများနေ့” အဖြစ် သတ်မှတ်ခဲ့ပါတယ်။🗓
ဒီနေ့ဟာ 💡
🗣️မိသားစုတွေရဲ့ အရေးပါမှုကို လူတိုင်း ပိုမိုနားလည်လာစေဖို့၊
🗣️မိသားစုတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို သတိပြုမိစေဖို့နဲ့
🗣️ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ နားလည်ပေးမှုတွေကို တန်ဖိုးထားတတ်စေဖို့ ရည်ရွယ်ပါတယ်😇
🌾 သင်သိပါသလား?
🌱 ကမ္ဘာတစ်ဝှမ်းက လယ်ယာမြေတွေရဲ့ ၈၀% ခန့်ဟာ မိသားစုပိုင် လယ်ယာတွေဖြစ်ပါတယ်။
ဒီလို မိသားစုလယ်ယာတွေက 🍚 အစားအစာလုံခြုံရေး၊ 👨🌾 ကျေးလက်အလုပ်အကိုင်နဲ့ 🌳 သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။
ဒါပေမဲ့ 🌦️ ရာသီဥတုပြောင်းလဲမှုကြောင့်
ဖွံ့ဖြိုးဆဲနိုင်ငံတွေက မိသားစုလယ်သမားတွေဟာ 😟
📉 သီးနှံအထွက်နှုန်းကျဆင်းမှု
🍽️ အစားအစာမလုံလောက်မှု
တို့ကို ပိုပြီး ရင်ဆိုင်လာနေရပါတယ်။
ဝင်ငွေနည်းတဲ့ မိသားစုတွေက 🏚️
သဘာဝဘေးအန္တရာယ်တွေကို တုံ့ပြန်နိုင်ဖို့ အခွင့်အလမ်းနည်းတဲ့အတွက် ပိုပြီး ထိခိုက်လွယ်ပါတယ်။
ဒါကြောင့် 🌍 မိသားစုတိုင်းက ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေတဲ့ နေထိုင်မှုပုံစံတွေကို စတင်ကျင့်သုံးဖို့ လိုအပ်ပါတယ် ✨
💡 စွမ်းအင်ချွေတာခြင်း
♻️ အမှိုက်လျှော့ချခြင်း
🥗 အစားအစာကို မဖြုန်းတီးခြင်း
စတဲ့ အလေ့အကျင့်သေးသေးလေးတွေကတောင် ကမ္ဘာကြီးကို ကာကွယ်ဖို့ အထောက်အကူပြုနိုင်ပါတယ် 🤍
🌟 လူငယ်တွေရဲ့ အခန်းကဏ္ဍအနေနဲ့ 🌎 ကမ္ဘာတစ်ဝှမ်းက လူငယ်တွေဟာ
“ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကာကွယ်ပေးပါ” ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ 🔊 လူသားအချင်းချင်း ကိုယ်ချင်းစာတရားလေးတွေတိုးပွားလာစေရန် တိုက်တွန်းနေကြပါတယ်။ 🦉ဒီလိုပြောင်းလဲတိုးတက်မှုတွေကြားမှာ 🏡 မိသားစုဝင်အချင်းချင်းတန်ဖိုးထားတတ်မှုဟာလည်း အရေးကြီးဆုံး အင်အားတစ်ခုဖြစ်နေပါတယ်🩷
🤗 နွေးထွေးတဲ့ မိသားစုဆက်ဆံရေး
🫶 နားလည်ပေးနိုင်မှု
💞 အပြန်အလှန်ပံ့ပိုးမှုတွေက လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။
အချုပ်အားဖြင့်
👩🏫 ကလေးတွေရဲ့ ပညာရေး
🩺 ကျန်းမာရေး
⚖️ တန်းတူအခွင့်အရေး
🤝 ဆင်းရဲမှုလျှော့ချရေး
စတဲ့ အရာတွေမှာ မိသားစုရဲ့ အခန်းကဏ္ဍက မရှိမဖြစ်လိုအပ်ပါတယ်
💛 မိသားစုတစ်စု ခိုင်မာလာရင် လူမှုအသိုင်းအဝိုင်း တိုးတက်လာမယ်
🌍 လူမှုအသိုင်းအဝိုင်း တိုးတက်လာရင် ကမ္ဘာကြီးက ပိုပြီး နွေးထွေးလှပလာမယ်
💁🌱ကမ္ဘာကြီးပိုပြီးနွေးထွေးပျူငှာလာတာနဲ့အမျှ ကျွန်တော်တို့လူသားတွေလည်း ဘဝရဲ့ချမ်းသာသုခတွေကို အပြည့်အဝခံစားရရှိလာနိုင်မှာဖြစ်ပါတယ်။
😊ဒါကြောင့် academies လေးတို့အနေနဲ့ Family နေ့လေးမှာ မိသားစုဝင်တွေကိုဖေးမစောင့်ရှောက်ရင်း ကိုယ်နေထိုင်ရာ အိမ်ဝန်းအတွင်းမှာ နွေးထွေးမှုလေးတွေနဲ့ပြည့်နှက်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။🫂 သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။😇
Telegram Channel link
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1#International_Day_of_Families
#contentwriter_Louis
#graphicdesign_Jyam
#Zie_Academy
#ZAE