ဒီနွေရာသီမှာ လူက အီလည်လည်နဲ့ ခေါင်းတွေကိုက်နေလား? 😵💫 ဒါမှမဟုတ် ဘာအလုပ်မှ လုပ်ချင်စိတ်မရှိဘဲနဲ့ ထိုင်းမှိုင်းနေလား?!! 🥱
🙋♀ဟယ်လို… အခုဆိုရင် နွေရာသီရဲ့ အလယ်ကို ရောက်နေပြီမို့လို့ ရာသီဥတုက အရင်ကထက် ပိုပြီးတော့ ပူလာတော့မယ်နော်🌞 ပူပြင်းလှတဲ့ ရာသီဥတုကြီးမှာ လူတိုင်းက ထိုင်းမှိုင်းသလိုဖြစ်တာ၊ ခေါင်းကိုက်တာ၊ ညောင်းညာတာ အစသဖြင့် ခံစားရတတ်ပါတယ်။ ဝေ ကိုယ်တိုင်လည်း အဲ့လို ခံစားနေရတာဆိုတော့ ဘယ်လို သက်သာအောင် လုပ်ကြမလဲဆိုတာကို အောက်မှာ ပြောပြပေးသွားပါ့မယ်နော်🌡👇✨
တကယ်တော့ ဒါတွေက ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက် (Dehydration)😱 လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အခုလို ခံစားနေရတာက ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာမှန်း သိပေမဲ့ ရေမသောက်ဘဲ ဆက်ပျင်းနေရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝေက အရင်ဆုံး ပြောပြပါမယ်🙅♀️📢
🚫 သွေးပေါင်ချိန် ကျဆင်းလာမယ် 📉
ရေဓာတ်နည်းသွားတဲ့အခါ သွေးပမာဏ (Blood Volume) လျော့နည်းသွားပြီး သွေးပေါင်ကျတတ်ပါတယ်။ ဒါကြောင့် မတ်တပ်ရပ်ရင် မူးခနဲဖြစ်တာ၊ အားအင်ကုန်ခမ်းသလို ခံစားရတာတွေ ဖြစ်လာရတာပါ။
🚫 ဦးနှောက်က ထိုင်းမှိုင်းသွားမယ် 🧠💤
ရေဓာတ်နည်းရင် အာရုံစိုက်ရခက်လာပြီး မှတ်ဉာဏ်တွေ ဝေဝါးလာတတ်ပါတယ်။ အလုပ်လုပ်ရတာ စိတ်မပါတော့ဘဲ ငိုက်မျည်းနေတတ်တာပေါ့😪
🚫 အသားအရေ ခြောက်သွေ့ညှိုးနွမ်းမယ်🙍
ဘယ်လောက်ကောင်းတဲ့ Skincare products တွေ လူးလူး၊ ရေမသောက်ရင်တော့ အသားအရေက တင်းရင်းမှုမရှိဘဲ အရေးအကြောင်းတွေ မြန်မြန်ပေါ်လာပါလိမ့်မယ်။
🚫 ကျောက်ကပ်နဲ့ အစာခြေစနစ် ဒုက္ခပေးမယ် ⚠️
ရေမသောက်ရင် ဝမ်းချုပ်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့ ရေရှည်မှာ ကျောက်ကပ်ကျောက်တည်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။
🚫 စိတ်တိုလွယ်လာမယ် 😤
ဒါက တကယ်နော်! ရေဓာတ်ခမ်းခြောက်တာနဲ့အမျှ လူက အလိုလိုနေရင်း စိတ်မရှည်တော့ဘဲ ဒေါသထွက်လွယ်လာတတ်ပါတယ်။
ရေမသောက်ရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာ သိပြီဆိုတော့... 🤔
ရေဓာတ်ခမ်းခြောက်ခြင်း(Dehydration) ဆိုတဲ့ နွေရာသီရဲ့ အဓိက ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကရော ဘာတွေဖြစ်မလဲ? ✅
💧ရေကို တစိမ့်စိမ့် သောက်ကြည့်ပါ
ရေငတ်မှ တစ်ခါတည်း အများကြီး သောက်တာထက်၊ ဘေးနားမှာ ရေဘူးလေး အမြဲထားပြီး တစ်ငုံချင်းစီ ပုံမှန်လေး သောက်ပေးပါ။ ဒါမှ ခန္ဓာကိုယ်က ရေဓာတ်ကို ကောင်းကောင်း စုပ်ယူနိုင်မှာပါ🥤
🍋 Infused Water လေးတွေ စမ်းသောက်ကြည့်ပါ
ရေရိုးရိုးသောက်ရတာ ပျင်းဖို့ကောင်းနေရင် သံပရာသီး၊ သခွားသီး ဒါမှမဟုတ် ပူစီနံရွက်လေးတွေ ခတ်သောက်ကြည့်ပါ။ ရေဓာတ်လည်း ရသလို၊ လူကိုလည်း ချက်ချင်း လန်းဆန်းသွားစေပါတယ်✨
🍉 ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးပါ
ဖရဲသီး၊ သခွားသီးလို ရေဓာတ် ၉၀% ကျော်ပါတဲ့ အသီးအနှံတွေကို အဆာပြေ စားပေးပါ။ အသားအရေကိုလည်း စိုပြေစေပြီး ခန္ဓာကိုယ် အပူချိန်ကိုပါ ထိန်းညှိပေးပါတယ်နော် 🥗
အခုလို ဘယ်အရာမဆို ဈေးတက်နေတဲ့ ကာလမှာ ဘာအသီးအနှံမှ မစားပေးနိုင်ရင်တောင်မှ ရေကို များများသောက်ပေးကြပါ🥛
ရေဆိုတာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့အရာမို့လို့ ရေကိုသာ တစ်နေ့ ၃ လီတာလောက် ပုံမှန်သောက်စေချင်ပါတယ်။ ✅
စကားမစပ် ရေက ဝေတို့လို လူသားတွေအတွက်သာမက သက်ရှိသတ္တဝါတွေ အားလုံးအတွက် အရေးပါတာကို Academies လေးတွေ သိကြမှာပါ။ 🐾 ဆိုတော့ ဝေတို့ သောက်သုံးနေတဲ့ ရေတွေကို အသိအမှတ်ပြုတဲ့ World Water Day (ကမ္ဘာ့ရေနေ့) အကြောင်းလေးကိုလည်း ဗဟုသုတအဖြစ် ပြောပြချင်ပါသေးတယ် 🌍💙
🧐 ဘယ်လိုဖြစ်ပေါ်လာသလဲ?!!
ဒါက ၁၉၉၂ ခုနှစ်၊ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ညီလာခံ (UNCED) ကနေ စတင်အကြံပြုခဲ့တာပါ။ အဲ့ဒီနောက် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ မတ်လ ၂၂ ရက်နေ့ ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး ၁၉၉၃ ခုနှစ်ကတည်းကစလို့ နှစ်စဉ်မပျက် ကျင်းပလာခဲ့တာ အခုဆို (၃၃) ကြိမ်မြောက်တောင် ရှိပါပြီ။ 🗓️
ရည်ရွယ်ချက်ကတော့ လူသားတွေအတွက် အဖိုးတန်တဲ့ ရေအရင်းအမြစ်တွေကို တန်ဖိုးထားတတ်ဖို့နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိစေဖို့ သတိပေးချင်တာပဲ ဖြစ်ပါတယ်။
အခုဆိုရင် ဒီစာကို ဖတ်တဲ့ Academies လေးတွေက... ရေဓာတ်မပြည့်ဝရင် ဖြစ်လာမယ့်အချက်လေးတွေရော၊ ရေဓာတ်ပြည့်ဝအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်တွေအပြင် World Water Day အကြောင်းကိုပါ စုံစုံလင်လင်လေး သိလိုက်ရပြီလို့ ဝေ ထင်ပါတယ်🥰
ဒါကြောင့် မိမိရဲ့ ခန္ဓာကိုယ်အတွက် ရေဝဝသောက်ရင်း ကိုယ့်ကျန်းမာရေးကိုရော၊ ကမ္ဘာကြီးရဲ့ အဖိုးတန်အရင်းအမြစ်ကိုရော တန်ဖိုးထားပြီး ဂရုစိုက်ကြရအောင်နော်။ 🤝💧
🌟 Bonus tip: ရေသောက်ရင် ရေခဲရေသောက်တာထက် ရိုးရိုးရေသန့် ကို သောက်ပေးပါလို့ ဝေ အကြံပြုချင်ပါသေးတယ်။ 🧊🚫
ဘာလို့ ဒီလိုအကြံပြုခဲ့တာလဲဆိုတာကိုတော့ နောက် Content မှာ ပြောပြပေးသွားပါမယ်နော်။ တာ့တာ.... 👋🧡
Telegram Channel link
Facebook Page Link
https://www.facebook.com/share/14YGGmsYjd/TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1#World_Water_Day
#contentwriter_Wendy_Wei
#graphicdesign_Jyam
#Zie_Academy
#ZAE