Movie Star Series Telegram channel photo

Movie Star Series

@moviestar_seriesPublic Channel

Movie Star Series shares Filmes de Hollywood updates and media on Telegram. Join to stay updated.

75

Last views

36.1k (36,140 subscribers)
Membros
—
Rating
40
Total Posts
Oct 21, 2026, 6:12 AM
Atualizado
Apr 2, 2026
Created
Stats

Você está vendo conteúdo em português. Para ver conteúdo em outros idiomas, mude o idioma do site.

Channel Information

Channel Information
Channel NameMovie Star Series
Username@moviestar_series
CategoryFilmes de Hollywood
Languageportuguês
CountryBrasil
Membros36,140
Channel TypePublic Channel
Created2 de abr. de 2026
Last Updated21 de out. de 2026 • anteontem
StatusActive

Classificação

Classificação Global
#424410-830
Classificação por Idioma
#11257-14
Classificação por Categoria
#219+2

Crescimento de Participantes

Total: 36.1K30 Days growth: -1.4K3.7%
09/2209/2710/0210/0710/1210/1710/21
Crescimento de Participantes - 30 Days
DateSubscribers
22:09:202637,524
23:09:202637,524
24:09:202637,524
25:09:202637,524
26:09:202637,524
27:09:202637,524
28:09:202637,524
29:09:202637,524
30:09:202637,524
01:10:202637,524
02:10:202637,524
03:10:202637,524
04:10:202637,524
05:10:202637,524
06:10:202637,524
07:10:202637,524
08:10:202637,524
09:10:202637,524
10:10:202637,524
11:10:202637,524
12:10:202637,524
13:10:202636,352
14:10:202636,352
15:10:202636,352
16:10:202636,352
17:10:202636,352
18:10:202636,352
19:10:202636,352
20:10:202636,352
21:10:202636,140
Crescimento de Participantes - Weekly
DateSubscribers
Week of 30:03:202624,163
Week of 06:04:202625,040
Week of 13:04:202625,758
Week of 20:04:202626,415
Week of 27:04:202626,415
Week of 04:05:202626,415
Week of 11:05:202627,806
Week of 18:05:202627,806
Week of 25:05:202627,806
Week of 01:06:202632,088
Week of 08:06:202632,088
Week of 15:06:202632,088
Week of 22:06:202639,055
Week of 29:06:202639,055
Week of 06:07:202639,055
Week of 13:07:202639,209
Week of 20:07:202639,209
Week of 27:07:202639,059
Week of 03:08:202639,357
Week of 10:08:202639,357
Week of 17:08:202639,234
Week of 24:08:202638,453
Week of 31:08:202638,453
Week of 07:09:202638,046
Week of 14:09:202637,524
Week of 21:09:202637,524
Week of 28:09:202637,524
Week of 05:10:202637,524
Week of 12:10:202636,352
Week of 19:10:202636,140
Crescimento de Participantes - Monthly
DateSubscribers
April 202626,415
May 202627,806
June 202639,055
July 202639,059
August 202638,453
September 202637,524
October 202636,140
Crescimento de Participantes - Yearly
DateSubscribers
202636,140

Top 10 posts

Most viewed posts from this channel

By views
  1. #1စော်ကြည်ပြီး ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ဂျက်တစ်ယောက် ကောင်မလေးန260
  2. #2အသဲငယ်ကြောက်တတ်ရင် မကြည့်ရ256
  3. #3‎နိုင်ငံရေးလောကရဲ့ နောက်ကွယ်က249
  4. #4‎ရှယ်ခွီပြီး ရှယ်နာမည်ကြီးနေတဲ့ ထိုင်း-ကိုရီးယား ဟာသရုံတင်ကားသစ်227
  5. #5"သေဆုံးပြီးသားသူရဲ့အကောင့်ကနေ တက်လာတဲ့ ဗီဒီယိုတွေနဲ့ ဆိုရှယ်ပေါ်က အတား215
  6. #6🔽[18+]၈ လက်မ ဥယာဉ်မှူးထန်မမများ187
  7. #7ကြောက်တက်ရင်ထရော်မာရစေမယ့်ကားမို့အဖော်နဲ့ကြည့်သင့်တဲ့ဘော်ဒီဟော်ရာကားသစ183
  8. #8ဒီနေ့တော့အရမ်းကောင်းတဲ့ အိန္ဒိယကားလေးတစ်ကားတင်ဆက်လိုက်ပါတယ်..176
  9. #9ဘိုးတော်တွေ ရှယ်ကြမ်းတဲ့ကားသစ်175
  10. #10အသက် ၃၀ ကျော် အရွယ်ရောက်လာတဲ့အခါ သူငယ်ချင်းတွေ စုစည်းဖို့ ဘယ်လောက်အထိ 174

Últimos Posts

Movie Star Series logo
Movie Star Series

22 de out. de 2026, 08:58

Photo1/2
ဒီတစ်ခါမှာတော့ Sachein ဆိုတဲ့ ဗီဂျေးရဲ့ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါမယ်။

ဆာချင်ဟာပျော်ပျော်နေတတ်တဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ကောလိပ်တစ်ခုလုံးရဲ့အသည်းစွဲအလှလေးရှာလီနီကို မြင်မြင်ချင်းချစိမသွားခဲ့ပါတယ်။

မြင်မြင်ချင်းအချစ်တွေကိုအယုံအကြည်မရှိတဲ့ ရှာလီနီက အရင်လူတွေအားလုံးကို ငြင်းပယ်ခဲ့ပါတယ်။
ဆာချင်ကချစ်တယ်လို့ပြောတဲ့အခါမှာရော ရှာလီနီဟာလက်ခံလိုက်မှာလား။ထုံးစံအတိုင်းငြင်းပယ်လိုက်မှာလား။တက္ကသိုလ်ကောလိပ်ကျောင်းသားတွေရဲ အလေ့အထ၊သဘာဝလေးတွေကိုရိုက်ကူးပုံဖော်ထားပြီး ပေါ့ပေါ့ပါးပါးဇာတ်အိမ်လေးမို့လို့ပရိတ်သတ်အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။

ရိုမန့်ကိုမှ ပေါ့ပေါ့ပါးပါးဟာသအရောလေးနဲ့ကြည့်ချင်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းကောင်းလေးပါ။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/Action_mmsubb/279
75000
Movie Star Series logo
Movie Star Series

22 de out. de 2026, 08:09

Photo1/2
အင်္ဂလန်နိုင်ငံသမိုင်းရဲ့ အကြီးမားဆုံး လူတန်းစားတော်လှန်ရေးကို အခြေခံပြီး

အစိုးရရဲ့ မတရားပြင်းထန်တဲ့ အခွန်ကောက်ခံမှုတွေနဲ့ လူတန်းစားခွဲခြားနှိပ်စက်မှုတွေကို မခံမရပ်နိုင်တော့ဘဲ အမှန်တရားနဲ့ လွတ်လပ်မှုအတွက် အသက်ကိုပဓာနမထားဘဲ

လန်ဒန်မြို့တော်ဆီ စုပေါင်းချီတက်တော်လှန်ကြတဲ့ သမိုင်းဝင် Action-Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ကာ၊

ထိုခေတ်ကာလက ရက်စက်ကြမ်းကြုတ်မှုများနှင့် လူထုရဲ့ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်ပုံများကို ရင်သပ်ရှုမောဖွယ် အသက်ဝင်လှုပ်ရှားစွာ ရိုက်ကူးတင်ဆက်ထားသောကြောင့် သမိုင်းဇာတ်ကြမ်းကြိုက်နှစ်သက်သူများ လက်လွတ်မခံသင့်သည့် အထူးလက်ရာတစ်ခုပင် ဖြစ်ပါသည်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/Next_MainCl/1175
64000
Movie Star Series logo
Movie Star Series

22 de out. de 2026, 08:07

Photo1/2
ရှယ်ကြောက်ဖို့ကောင်းတဲ့ ရုံတင်ကားသစ် [၂၀၂၆]

အောက်လမ်းတွေ မိစ္ဆာတွေ နဲ့ အက်ရှင် အကြမ်းစားတွေ ကြိုက်တဲ့ သူတွေအတွက် လုံးဝ ကွက်တိ တစ်ကား တင်ပေးထားပါတယ်။

နတ်ဆိုးကမ္ဘာနဲ့ လူသားကမ္ဘာကြားက အားပြိုင်မှုတွေ၊ လျှို့ဝှက်ချက်တွေကို နောက်ခံထားပြီး ဆွဲဆောင်မှုရှိရှိ ရိုက်ကူးထားတာပါ။

အဓိက ဇာတ်ကောင်ဖြစ်တဲ့ နတ်ဆိုးမင်းဆက်ရဲ့ ဆက်ခံသူ မင်းသားဟာ သူ့ရဲ့ အစစ်အမှန် စွမ်းအားတွေကို ပြန်လည်ရှာဖွေပြီး သူ့ကို သစ္စာဖောက်ခဲ့တဲ့ သူတွေကို ကလဲ့စားချေဖို့ ကြိုးစားပုံတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ။

အက်ရှင်ခန်းတွေက လုံးဝ အကြမ်းစားတွေချည်းပဲ။ နတ်ဆိုးတွေရဲ့ မှော်အစွမ်း သုံးတဲ့ အခန်းတွေဆိုရင် 2025 ထွက်ကားပီပီ CGI အထူးပြုလုပ်ချက်တွေ တော်တော်လေး သေသပ်ပြီး ကြည့်ရတာ တော်တော်မိုက်တယ်။

ရိုးရိုးရှင်းရှင်းကြီး မဟုတ်ဘဲ ဇာတ်ကောင်တွေရဲ့ နောက်ခံ သမိုင်းကြောင်းတွေ၊ လှည့်ကွက်တွေ ပါတာမို့ ဇာတ်လမ်းက ကြည့်ရင်းနဲ့ ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါမယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/horror_mmsub/259
59000
Movie Star Series logo
Movie Star Series

22 de out. de 2026, 08:05

Photo1/2
ရွာတစ်ရွာမှာ လန်နဲ့လျန်ဆိုတဲ့ ညီအစ်မနှစ်ယောက်ရှိပါတယ်။ အစ်မဖြစ်သူလန်ဟာ ချောမောလှပမိန်းကလေးဆန်ဆန် နူးညံ့သိမ်မွေ့ပြီး အိမ်မှုကိစ္စလည်းနိုင်နင်းတဲ့အတွက် အားလုံးကချစ်ကြပါတယ်။

လျန်ကတော့ အစ်မဖြစ်သူနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီးကျားကျားယားယားမိန်းမသားလို့ ဆိုရလောက်အောင် အတိုက်အခိုက် အသတ်အပုတ်ကိုဝါသနာပါသူပါ။

အဲ့တော့အစ်မဖြစ်သူနဲ့ယှဥ်လိုက်ရင် လျန်ဟာအမြဲပစ်ပယ်ခံနေရတာပေါ့။ လျန်ဟာအစ်မဖြစ်သူကို မနာလိုလာပလျန်ရဲ့အမေနဲ့အစ်မဖြစ်လျန်တနေတာပေါ့။

တစ်နေ့မှာ ရွာထဲကိုဓားပြတွေဝင်လာပြီး လျန်ရဲ့အမေနဲ့အစ်မဖြစ်လျန်တစ်ယောက်ဓားပြတွေနဲ့ဘယ်လိုအပီအပြင် ကယ်တင်ဖို့ လျန်တစ်ယောက် တောတောင်မြစ်ချောင်းတွေကိုကျော်ဖြတ်ခရီးနှင်ရပါတော့တယ်။ လျန်တစ်ယောက်ဓားပြတွေနဲ့ဘယ်လိုအပီအပြင်ဖိုက်မလဲဆိုတာကို ဟာသလေးတွေနှောထားတာမို့ ပေါ့ပေါ့ပါးပါးခွီရမှာပဲဖြစ်ပါတယ်။

လျန်အဖြစ် အားလုံးရဲ့အချစ်တော် Be.ll.a က ပါဝင်သရုပ်ဆောင်ထားပါတယ်။ လျန်ရဲ့စွန့်စားခန်းကို အတူတူကြည့်ရှုလိုက်ကြရအောင်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/Next_MainCl/1171
45000
Movie Star Series logo
Movie Star Series

21 de out. de 2026, 16:26

Photo1/2
"ကျွန်တော်မြတ်နိုးသော သူမ"

ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ် ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ 

သူ့အသက် ၁၇နှစ်အရွယ်မှာပဲ ရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်

အဲ့နောက်မှာတော့ ရှောင်ချီဟာ ယုံစစ်နောက်ကနေ တကောက်"လိုက်ရင်း သူတို့နှစ်ယောက်သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် 

ဒီလိုနဲ့ သူတို့နှစ်ယောက် အတူတူ ပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ်

တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီး ထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုး ပြန်တွေ့ ကြမလဲ ရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလားဆိုတာ...

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4030
92001
Movie Star Series logo
Movie Star Series

21 de out. de 2026, 16:20

Photo1/2
📱 သာမန် Horror ကားတွေနဲ့မတူ ထူးခြားတဲ့အယူအဆကို အခြေခံရိုက်ကူးထားတဲ့ အင်ဒိုဇာတ်ကားကောင်းလေး

အစ္စလာမ်ဘာသာမှာ သေဆုံးပြီးနောက် အုတ်ဂူအတွင်း နှိပ်စက်ခံရခြင်းဆိုတဲ့ အယူအဆတစ်ခုရှိပါတယ်။ အသက်ရှင်စဉ် အပြစ်များစွာကျူးလွန်ခဲ့သူတစ်ဦးဟာ သေဆုံးပြီးနောက် မိမိကိုးကွယ်တဲ့ ဘုရားအကြောင်း မေးမြန်းခံရချိန်မှာ

အဖြေမပေးနိုင်ပါက အုတ်ဂူထဲမှာ ပြင်းထန်တဲ့နှိပ်စက်မှုတွေ ခံစားရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကလည်း အဲဒီအယူအဆကို အခြေခံပြီး ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဆီတာနဲ့ အာဒေးလ်ဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ မိဘတွေနဲ့အတူ မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ရွှင်စွာ နေထိုင်ကြသူတွေပါ။ စီးပွားရေးအဆင်မပြေမှုတွေ ရှိနေပေမဲ့ မိသားစုဘဝလေးက အေးချမ်းနေခဲ့ပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ အုတ်ဂူနှိပ်စက်ခြင်းကို ကြောက်ရွံ့ယုံကြည်နေသူတစ်ဦးရဲ့ အသေခံဗုံးခွဲမှုကြောင့် မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့ရပါတယ်။ မောင်နှမနှစ်ယောက်လည်း မိဘမဲ့ဖြစ်သွားပြီး အစ္စလာမ်ဘော်ဒါကျောင်းမှာ နေထိုင်ခဲ့ရပါတော့တယ်။
ဒီဖြစ်ရပ်ကြောင့် ဆီတာဟာ အုတ်ဂူနှိပ်စက်ခြင်းဆိုတဲ့ အယူအဆကို မုန်းတီးလာခဲ့ပြီး အဲဒီအရာဟာ တကယ်မရှိကြောင်း သက်သေပြဖို့ ကြိုးစားလာခဲ့ပါတယ်။ အသက်ကြီးလာတဲ့အခါ သူမရဲ့ယုံကြည်ချက်နဲ့ အမှန်တရားကြား ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Horror ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4028
80001
Movie Star Series logo
Movie Star Series

21 de out. de 2026, 16:18

Photo1/2
အကောင်းဆုံးစစ်ကားတွေထဲက တစ်ကား

၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။

အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ က ယင်းစစ်မြေပြင်မှာ ဖျူရီ   လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် ၊ တင့်ကားမောင်းသူ ဂေါ်ဒို တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။

အလန်းစား တင့် တိုက်ပွဲတွေ တွေ့ရမြင်ရမှာ ဖြစ်သလို၊ ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်…

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/Action_mmsubb/273
72001
Movie Star Series logo
Movie Star Series

21 de out. de 2026, 16:16

Photo1/2
စပိုင်စုံထောက်ရူးရူးနေကြသူများ အူတက်ခွီရဦးမဲ့ထိုင်းဟာသကားသစ်

စုံထောက်လုပ်ချင်တဲ့ ကောင်လေးနဲ့ စပ်စုချင်တဲ့ ဈေးသည်မလေးတို့ရဲ့ အလွဲလွဲအချော်ချော် အမှုလိုက်ပုံ

ဇာတ်လမ်းကတော့ ဘဝမှာ ကံဆိုးမိုးမှောင်ကျနေပြီး လုပ်သမျှ တလွဲတွေချည်းဖြစ်နေတဲ့ စုံထောက်ပေါက်စလေးတစ်ယောက်... အမှုတစ်ခုကို လိုက်ရင်းနဲ့ ဈေးထဲက စပ်စုတတ်တဲ့ ဈေးသည်ကောင်မလေး "ပန်" နဲ့ အမှတ်မထင် ဆုံတွေ့ရာကနေ ဇာတ်လမ်းစတာပါပဲ။

ပန်ဆိုတဲ့ ကောင်မလေးကလည်း ရိုးရိုးဈေးသည်မဟုတ်ဘဲ ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့ အဒေါ်ကြီးတွေဆီကနေ သတင်းနှိုက်တဲ့ပညာကို အမွေရထားတဲ့သူဆိုတော့ စုံထောက်ထက်တောင် သတင်းပိုဦးနေတတ်သူပေါ့။

သူတို့နှစ်ယောက် မတည့်အတူနေ ပေါင်းမိသွားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုတစ်ခုကို အတူတူ လိုက်ဖော်ထုတ်ကြတဲ့အခါ... ဖော်ထုတ်ရမဲ့ အမှုက ရိုးရိုးအမှုမဟုတ်ဘဲ အချစ်ရေး၊ အရှုပ်တော်ပုံတွေနဲ့ ဆက်စပ်နေတဲ့အခါမှာတော့ ဘယ်လို ဗရုတ်သုတ်ခတွေ ဆက်ဖြစ်ကြမလဲ။

စုံထောက်လုပ်ချင်တဲ့ ကောင်လေးနဲ့ စပ်စုချင်တဲ့ ဈေးသည်မလေးတို့ရဲ့ အလွဲလွဲအချော်ချော် အမှုလိုက်ပုံတွေကြားကနေ မေတ္တာမျှသွားကြမလား... လိမ်ညာမှုတွေကြားမှာပဲ ဇာတ်လမ်းလေးက ဘယ်လို အဆုံးသတ်မလဲဆိုတာ ရယ်မောရင်း ရှုစားရမှာပါ။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4026
79001
Movie Star Series logo
Movie Star Series

20 de out. de 2026, 12:42

Photo1/2
ဒီနေ့တော့အရမ်းကောင်းတဲ့ အိန္ဒိယကားလေးတစ်ကားတင်ဆက်လိုက်ပါတယ်..

ပါဝင်တဲ့မင်းသားကိုလည်း စိမ်းကြမယ်မထင်ပါဘူး.. ကျွန်တော်တို့တွေကြိုက်နှစ်သက်ခဲ့ကြတဲ့ PK ဇာတ်ကားမှ ကျွန်တော်တိုရဲ့အသည်းကျော်မင်းသား Aamir Khan ပဲဖြစ်ပါတယ်..

ဆု 15 ခု လျာထားခြင်းခံခဲ့ရပြီး 13 ဆု တိတိရရှိခဲ့ပါတယ်…
ငယ်ရွယ်တဲ့ တူ၊တူမ၊ သားသမီးရှိတဲ့ မိဘတိုင်း၊ ဆရာဆရာမတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပြီး ကလေးတိုင်းမှာ မတူညီတဲ့ စွမ်းဆောင်ရည်နဲ့ မတူညီတဲ့ အိပ်မက်တွေရှိတယ်ဆိုတာကို ဇာတ်လမ်းအစကနေအဆုံးအထိ မျက်စိမခွာနိုင်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/fourkmoviechannel/2838
176001
Movie Star Series logo
Movie Star Series

20 de out. de 2026, 12:42

Photo1/2
‼️ဖောင်းဒိုင်းကြမ်းတဲ့စုံတွဲတွေလင်မယားချင်းလဲစားမဲ့ကားလေး...

ဒီဇာတ်ကားလေးမှာတော့အပေါ်ထပ်မှာနေတဲ့စုံတွဲလင်မယားနှစ်ယောက်ကsexလုပ်ရင်တအားဆူညံတာကြောင့်✨

အောက်ထပ်မှာနေတဲ့စုံတွဲလင်မယားနှစ်ယောက်ကညရောက်ပြီဆိုရင်အိပ်မရတဲ့ညတွေများလာပါတော့တယ်။ဒီလိုနဲ့ပြေလည်အောင်ညှိနေရင်းနဲ့တစ်နေ့မှာသူငယ်ချင်းတွေရဲ့မြှောက်ပေးမှုကြောင့်swappingလို့ခေါ်တဲ့လင်မယားစုံတွဲခြင်းလဲစားကြတဲ့အရာကိုခံတွင်းတွေ့သွားပြီးတဲ့နောက်

အပေါ်ထပ်နဲ့အောက်ထပ်ဘယ်လိုဇာတ်လမ်းတွေဆက်ဖြစ်လာမလဲ⁉️ ဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/X9moviechannel/1090
126001
Movie Star Series logo
Movie Star Series

20 de out. de 2026, 12:39

Photo1/2
✨အမှုစုံစမ်းဖို့ကြက်ကြော်ရောင်းရင်း လက်ရာကအရမ်းကောင်းသွားသောအခါ…

ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်
အမှုလိုက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်ပြီးရာထူးမတိုးပဲ အဖွဲ့ခေါင်းဆောင်သာ
ဖြစ်နေတဲ့စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို

ဖမ်းဖို့ဖြစ်လာတဲ့အခါမှာ..တော့ တလွဲတွေဆက်ဖြစ်ကြပြန်တာပါပဲ
လီမွန်ဘယ်ကို အနီးကပ်စောင့်ကြည့်ဖို့ ကြက်ကြော်ဆိုင်မှာစောင့်ကြည့်ရင်းနဲ့

ကြက်ကြော်ဆိုင်ကလည်းရောင်းထုတ်ရမယ့်အခြေအနေဖြစ်လာတဲ့အခါ
ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…တလွဲတွေလုပ်တတ်တဲ့ စုံထောက်ဂိုတစ်ယောက်
လီမွန်ဘယ်ကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ
2019 အသစ်ထွက် ကိုရီးယားစုံထောက်ကားလေးပဲဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/comedy_mmsubb/251
136001
Movie Star Series logo
Movie Star Series

20 de out. de 2026, 12:39

Photo1/2
ကိုယ်ပိုင်တပ်ဖွဲ့ကြီးတည်ထောင်ပြီး ဇနီးကိုသတ်သွားသူတွေကို လက်စားချေမဲ့ ယောကျ်ားကြီး

အထူးတပ်ဖွဲ့ဝင်ဟောင်း ကားလို့စ် အက်စ်ထရာဒါဟာ သူ့ဇနီး ရက်စက်စွာ အသတ်ခံလိုက်ရပြီးနောက် လက်စားချေဖို့တစ်ခုတည်းကိုသာ ရည်မှန်းချက်ထား အသက်ရှင်နေခဲ့ပါတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ မြို့ငယ်လေးမှာ ပုန်းအောင်းနေစဉ် မထင်မှတ်ဘဲ ထီပေါက်ပြီး သန်းကြွယ်သူဌေး ဖြစ်လာခဲ့ပါတယ်။ ရလာတဲ့ငွေတွေကို အသုံးချပြီး လက်နက်အပြည့်အစုံနဲ့ တပ်ဖွဲ့ကြီးတစ်ခု တည်ဆောက်ကာ ယုံကြည်ရတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့အတူ ဇနီးကိုသတ်ခဲ့တဲ့ လူသတ်သမားတွေကို အစွမ်းကုန် လိုက်လံရှာဖွေ လက်စားချေမယ့် အက်ရှင်ဇာတ်ကားကြမ်းကြမ်းလေးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ပါ။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4021
118001
Movie Star Series logo
Movie Star Series

20 de out. de 2026, 12:31

Photo1/2
ရှယ်ကြောက်ရမဲ့ မကောင်းဆိုးဝါးရဲ့အရိပ်ဆိုး သရဲကား
‎
‎ဂျီနာနဲ့ဂါနီတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ဘဝဟာ သူတို့ရဲ့သားဖြစ်သူ အဂ္ဂနီဆီမှာ ထူးဆန်းတဲ့ မူမမှန်မှုတွေကို စတင်တွေ့ရှိခဲ့ချိန်မှာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။
‎
‎အဂ္ဂနီဟာ အမျိုးအမည်မသိတဲ့ စွမ်းအားတွေရှိနေခဲ့ပြီး အဲ့ဒီအစွမ်းတွေဟာ သူမကျေနပ်တဲ့လူတွေကို အကြီးအကျယ်ဒုက္ခပေးနိုင်ပြီး အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်တာပါ။
‎
‎အဲ့ဒါကို မသင်္ကာတဲ့ ဂါနီက ဒီဖြစ်စဉ်တွေရဲ့ ဇစ်မြစ်ကို စုံစမ်းချိန်မှာတော့ ခြောက်ခြားစရာကောင်းလွန်းတဲ့ လျှို့ဝှက်ချက်ကြီးက ဘူးပေါ်သလိုပေါ်လာပါတော့တယ်။
‎
‎အရှေ့တိုင်းရိုးရာအစီအရင်တွေ ဒရာမာတွေပါထည့်ထားတော့ ဖျော်ဖြေမှုပေးနိုင်မယ့် ဟော်ရာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
‎
ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/horror_mmsub/252
112000
Movie Star Series logo
Movie Star Series

19 de out. de 2026, 19:40

Photo1/2
90's born တော်တော်များများ ငယ်ငယ်တုန်းကကြည့်ဖူးခဲ့ကြမယ့် Rat Race ဆိုတဲ့ ဇာတ်ကားလေးကို
တင်ဆက်ပေးလိုက်ပါပြီ။

ဒီဇာတ်ကားမှာ တကယ့်ဒိတ်ဒိတ်ကြဲ ဟာသသရုပ်ဆောင်များစွာပါ၀င်ထားပြီး တစ်ကားလုံး မနားတမ်းကို ရယ်နေရတာမို့ စိတ်ပင်ပန်းမပျော်ရွှင်‌နေသူတွေ၊ comedy ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

လက်စ်ဗီးဂတ်စ်က ကာစီနိုကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်နယ်ဆင်ကလဲ ဟာ
လောင်းကစားလုပ်ဖို့အကြံကြီးကြီးတစ်ခု ရလိုက်ပါတယ်။

တိရစ္ဆာန်ပြိုင်ပွဲတွေလောင်းရတာရိုးလာလို့ သူတို့ထက်ပိုပြီးဉာဏ်ကောင်း၊ ကောက်ကျစ်၊ ယုတ်မာနိုင်တဲ့ လူသားတွေကို ပြိုင်ခိုင်းဖို့ပါ။

ဒီအတွက် သူ့ကာစီနိုထဲမှာ ဆန်ကာတင်ရွေးချယ်ဖို့ အကြွေစေ့တွေ ထည့်ထားပေးပြီးသူတို့ထဲကမှ အနိုင်ရရှိသူကို ဒေါ်လာ၂သန်းဆုငွေမက်လုံးပေးထားပါတယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4017
123000
Movie Star Series logo
Movie Star Series

19 de out. de 2026, 19:36

Photo1/2
လူတိုင်းချစ်တဲ့ယူနီကွန်းကြီးကလူသတ်သမားအဖြစ်ပြောင်းလဲသွားတဲ့ခါ

ကလေး တီဗီအစီအစဉ်တစ်ခုထဲမှာ ကလေးတွေ ပိတ်မိနေရာကနေ စတင်ပါတယ်။ အဲဒီအစီအစဉ်ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ လိမ္မော်ရောင် ယူနီကွန်းကြီး Buddy ဟာ အပြင်ပန်းမှာ ချစ်စရာကောင်းပေမဲ့ တကယ့်တကယ်တော့ အလွန်ကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်ကြီး ဖြစ်နေပါတယ်။

ကလေးတွေဟာ တီဗီအစီအစဉ်ထဲမှာ နေ့တိုင်း သီချင်းတွေဆို၊ ကခုန်ပြီး ပျော်ရွှင်နေရသယောင် ဟန်ဆောင်နေကြရတာပါ။ တစ်နေ့မှာတော့ ကလေးတစ်ယောက်က Buddy ခိုင်းတဲ့အတိုင်း မလုပ်ဘဲ ငြင်းဆန်လိုက်တဲ့အခါမှာတော့ ဒီတုပထားတဲ့ ကမ္ဘာလေးရဲ့ အက်ကြောင်းတွေ စတင်ပေါ်ပေါက်လာပါတော့တယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဂရေ့စ် ဆိုတဲ့ မိခင်တစ်ယောက်ဟာ ဒီအစီအစဉ်ထဲမှာ ပိတ်မိနေတဲ့ သူ့သမီးလေး ဖရက်ဒီ ကို ကယ်တင်ဖို့အတွက် အစီအစဉ်ထဲကို ကိုယ်တိုင် ဝင်ရောက်သွားခဲ့ပါတယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/horror_mmsub/247
156000
Movie Star Series logo
Movie Star Series

19 de out. de 2026, 19:31

Photo1/2
ကိုယ်ပိုင် အသိစိတ်ရှိနေတဲ့ လက်ကြီး

ဇာတ်လမ်းအကျဉ်းကတော့
‌
လောင်းကစားကို ရူးသွပ်တဲ့လူတစ်ယောက်ဟာ စီးစိမ်တွေကုန်အောင် မွဲသွားပြီး ကာစီနိုဝိုင်းမှာ ဖန်တီးမိခဲ့တဲ့ ပြဿနာကြောင့် ထွက်ပြေးကာ ကားမတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ပါတယ် ။

လက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပေမဲ့ ကံကောင်းချင်တော့ ဆရာဝင်တွေက အခြားသူတစ်ယောက်ရဲ့ လက်ကိုအောင်မြင်စွာ အစားထိုးကုသပေးနိုင်လိုက်ပေမဲ့ ထိုလက်က အခြားသူတစ်ယောက်ရဲ့ အသိစိတ်ကြီး ကပ်စွဲနေတာပဲဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4015
136000
Movie Star Series logo
Movie Star Series

19 de out. de 2026, 19:27

Photo1/2
အချစ်ဆိုရင် စိတ်ကုန်နေမိတဲ့ ဆာတစ်။ သူငယ်ချင်းတွေ ရည်းစားရရင်တောင် သူက စိတ်ကောက်ချင်သေးတာ။

တစ်ဖက်လူရဲ့ ခံစားချက်ကို အလေးမထားတတ်တဲ့ ခပ်ပေါ့ပေါ့ပဲတွေးတတ်တဲ့ ‌ယောကျာ်းတစ်ယောက်ပေါ့။

ONS တွေနဲ့ပဲ အချိန်ကုန်တတ်ပြီး အိမ်ထောင်ပြုဖို့ဆိုတာကို စိတ်ထဲတောင် မတွေးတတ်တဲ့လူတစ်ယောက်က ဘယ်လိုမျိုးနဲ့ ကံဆုံလာလဲဆိုတော့ ဘဝပေးအကြောင်းမလှလို့ တစ်ညတာပတ်သက်မှုနဲ့ပဲ လုပ်ကိုင်စားသောက်ရတဲ့ အလှပဂေးလေး။

အစကတော့ ဖောက်သည်အနေနဲ့ပဲ အခေါ်အပြော အနေအထားပေမဲ့ ရင်းနှီးလာတာနဲ့အမျှ ဖုံးကွယ်ထားလို့မရတော့တဲ့ ရင်ထဲက ခံစားချက်အစစ်အမှန်တွေနဲ့ ဘယ်လိုရှေ့ဆက်သွားကြမလဲ။ အားလုံးနဲ့လဲပြီး ဒီမိန်းကလေးလက်ကိုပဲ ရဲရဲကြီး ဆုပ်ကိုင်သွားမလား။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/fourkmoviechannel/2832
149000
Movie Star Series logo
Movie Star Series

18 de out. de 2026, 19:08

Photo1/2
တောင်ကိုရီးယားမှာ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဆိုလည်း မမှားပါဘူး။

ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။

လွတ်လပ်ရေး လှုပ်ရှားသူတွေက
ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို့ စီစဉ်ကြတယ်။

စနိုက်ပါသမား အန်းအို့ယွန်း စက်သေနတ်သမား ချူဆန်းအို့ ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို့ ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ့ ဖွဲ့ခဲ့ပြီးနောက်…

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4011
173001
Movie Star Series logo
Movie Star Series

18 de out. de 2026, 19:02

Photo1/2
"သေဆုံးပြီးသားသူရဲ့အကောင့်ကနေ တက်လာတဲ့ ဗီဒီယိုတွေနဲ့ ဆိုရှယ်ပေါ်က အတားအဆီးမဲ့ အမှောင်ကျိန်စာ"

အမှန်အကန် Horror ကားတွေကြိုက်တဲ့ J Horror ပရိသတ်တွေအတွက် နာမည်ကြီး ဒါရိုက်တာ Kenichi Ugana ရဲ့ တုန်လှုပ်ချောက်ချားစရာ အငွေ့အသက်အပြည့်နဲ့ ကြည့်ရှုရမဲ့ သရဲကားအသစ်စက်စက်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

မြို့ပေါ်က အလှပြင်ဆိုင်တစ်ဆိုင်မှာ ဧည့်ကြိုလုပ်ရင်းနဲ့ သူငယ်ချင်းဖြစ်သူ အာအိရိနဲ့အတူ တိုက်ခန်းတစ်ခုမှာ အတူတူနေထိုင်နေတဲ့ ရီကိုဆိုတဲ့ ကောင်မလေးတစ်ယောက်.......

တစ်နေ့မှာတော့ ရီကိုဟာ ထိုင်ဝမ်မှာရှိတဲ့ သူ့သူငယ်ချင်းရှူဖန်ရဲ့ ဆိုရှယ်က  အကောင့်မှာ ထူးဆန်းပြီး နားလည်ရခက်တဲ့ ဗီဒီယိုတွေကို  ဆက်တိုက်တင်နေတာကို သတိထားလိုက်မိပါတယ်။

သူငယ်ချင်းဖြစ်သူကို စိတ်ပူသွားတဲ့ ရီကိုတစ်ယောက် ရှူဖန်ဆီကို ဆက်သွယ်ဖို့ကြိုးစားပေမဲ့ အဆက်အသွယ်မရတာကြောင့် ထိုင်ဝမ်မှာရှိနေတဲ့ ရည်းစားဟောင်းဖြစ်သူ ဂျာဟိုကို မေးမြန်းကြည့်လိုက်တဲ့အခါမှာ ရှူဖန်ဟာ လွန်ခဲ့တဲ့ ၆လကတည်းက သေဆုံးသွားမှန်း  သိလိုက်ရပါတော့တယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/horror_mmsub/241
215000
Movie Star Series logo
Movie Star Series

18 de out. de 2026, 19:01

Photo1/2
ကြည့်မိရင်နောင်တမရစေမဲ့
တကားလုံးရယ်နေရတဲ့ကားလေး

ဒီတစ်ခါ Happiness လေးတွေအတွက် မိတ်ဆက်ပေးမှာကတော့ ဉာဏ်စမ်းတွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်

သီးသန့်နေရတာ သဘောကျပြီး ဉာဏ်စမ်းတွေကို သဘောကျတဲ့ အန်နီတစ်ယောက် တစ်ရက်မှာတော့ သူ့အစ်မဖြစ်သူက အိမ်ရောက်လာပါ‌တော့တယ်

တီဗီရှိုးမှာပြထားတဲ့ ဉာဏ်စမ်းတွေကို ဖြေနေတဲ့ အန်နီကို သူ့အစ်မက ဗီဒီယိုရိုက်ပြီး တင်လိုက်တဲ့အခါမှာတော့ အန်နီတစ်ယောက်နာမည်ကြီးသွားပါတော့ အဲ့အချိန်မှာပဲ သူ့အမေရဲ့ အကြွေးရှင်က ရောက်လာပြီး ဒေါ်လာ 80000 တောင်းတဲ့အခါမှာတော့ မပေးနိုင်တာကြောင့် အန်နီခွေးလေးကို ခေါ်သွားပါတယ်

အန်နီက သူ့ခွေးလေးကို ပြန်ခေါ်ဖို့အတွက် သူဘယ်လိုတွေကြိုးစားမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4009
150000
Movie Star Series logo
Movie Star Series

17 de out. de 2026, 20:13

Photo1/2
အားလုံးစောင့်မျှော်နေကြတဲ့ ဟော်ရာလောကရဲ့ထိပ်တန်း တူရကီသရဲကားကြီး ဆစ်ဂျင် 9 ကြည်တောက်ရှင်းရပြီဗျို့

ဒီကပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးဖို့မလိုတဲ့ နာမည်ကျော် တူရကီဟော်ရာ ရုပ်ရှင်စီးရီးစ်ဖြစ်တဲ့Siccin ကတော့ ကိုးကားမြောက်ထွက်ရှိလာခဲ့ပါပြီ။

ထုံးစံအတိုင်းဖြစ်ရပ်မှန်ကိုပဲ အခြေခံထားပြီး ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူ ရီဇာကို ဘယ်တုန်းကမှမမြင်ခဲ့ဖူးတဲ့ ဂျီမယ်လ်ဆိုတဲ့ လူငယ်လေးကိုဗဟိုပြုထားပါတယ်။

ဂျီမယ်လ်ဟာ မကောင်းဆိုးဝါး ဝင်ရောက်ပူးကပ်ခံခဲ့ရပြီး ကောင်မလေးတစ်ယောက်ကို ခဲနဲ့ထုသတ်ခဲ့တာကြောင့်မိခင်ဖြစ်သူက မကောင်းဆိုးဝါးရဲ့ကလေး ဆိုပြီး အပနှင်ဆရာကိုခေါ်ယူမောင်းထုတ်ခဲ့ပါတယ်။

နောက်နေ့မှာတော့ သူ့မိခင်ကိုသေဆုံးလျက်သားရှာတွေ့ခဲ့တာကြောင့် သက်ရှိထင်ရှားဖြစ်နေတဲ့ဖခင်ဖြစ်သူ၊ သူ့ဇနီးနဲ့ သူ့အဖေတူမအေကွဲအစ်မ  ဒင်းနစ် တို့ရှိရာအိမ်ကြီးကိုရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ဂျီမယ်လ်နဲ့အတူပါလာတဲ့ ကျိန်စာဟာ အိမ်မှာရှိနေနှင့်သူတွေကို အိမ်မက်ဆိုးတွေ၊ဖြစ်ရပ်ဆိုးတွေနဲ့အတူ အတိတ်ကကြောက်စရာလျှို့ဝှက်ချက်ကြီးတစ်ခုပေါ်လာတဲ့အထိ တောက်လျှောက်မွှေနှောက်ပါတော့တယ်။

Siccin ဇာတ်ကားတွေထုံးစံအတိုင်း ကြောက်စရာမြင်ကွင်းတွေ၊ ရက်စက်တဲ့သတ်ဖြတ်မှုတွေ၊ သွေးထွက်သံယိုတွေတင်းကြမ်းပါဝင်လို့ကြည့်ရဲမှကြည့်သင့်တဲ့ကားပါပဲ။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4005
85001
Movie Star Series logo
Movie Star Series

17 de out. de 2026, 20:10

Photo1/2
ရက်ရှ်ဒန်က ဂေါက်ကွင်းမှာ ရေထဲကျသွားတဲ့ဂေါက်သီးတွေကိုဆယ်ယူတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ဘိုးဘေးတွေရဲ့အယူသီးမှုနဲ့ အောက်လမ်းအစီအရင်တွေကို ငယ်စဉ်ကတည်းက အလွန်အမင်းယုံကြည်သူပါ။

ဇနီးဖြစ်သူ ဆာကီနာကတော့ခေတ်ပညာတတ်တစ်ယောက်ပီပီ သိပ္ပံပညာနဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ဝတ်ပြုဆုတောင်းခြင်းကိုသာ ယုံကြည်သူဖြစ်ပါတယ်။

တစ်နေ့မှာတော့ သမီးဖြစ်သူနီဆာဟာ SPM အထက်တန်းအစမ်းစာမေးပွဲမှာ အမှတ်ကောင်းကောင်းရမလာတဲ့အတွက် သမီးဖြစ်သူကို နိုင်ငံခြားမှာ ကျောင်းတက်စေချင်တဲ့ ရက်ရှ်ဒန်က စာမေးပွဲရလဒ်ထူးချွန်ဖို့အတွက် လက်ထောက်ဖြစ်သူ အလမ်ရဲ့ အကြံပေးချက်အတိုင်း အစွမ်းထက်ဆုံး အင်းအိုင်လက်ဖွဲ့ ဆရာတွေကို တိုင်းပြည်ပတ်ပြီး ရှာဖွေပါတော့တယ်။

ဒါပေမယ့် တွေ့လိုက်သမျှ ဆရာတိုင်းက ဆရာယောင်သမားယောင်တွေဖြစ်နေတဲ့အခါ ရက်ရှ်ဒန် တစ်ယောက်သင်ခန်းစာရသွားမလား ဒါမှမဟုတ် ဇွဲမလျှော့ပဲ ဆရာစစ်ကိုမတွေ့မချင်းရှာဖွေမလား?

ကယ်တင်ရှင် အမှန်ကဘယ်သူဖြစ်မလဲ အစရှိတာတွေကို ဟာသနှောရိုက်ကူးထားတဲ့ ပျော်စရာ မိသားစုဟာသ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/comedy_mmsubb/235
91000
Movie Star Series logo
Movie Star Series

17 de out. de 2026, 20:09

Photo1/2
ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို
တင်ဆက်ပေးလိုက်ရပါတယ်

အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာအရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့သာမန်လူတန်းစားလေးတစ်ယောက်ပေါ့

အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာလျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး

အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့

တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့

မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး

ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က

ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်

ဒါပေမယ့် သူဟာ

မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး

နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့

လာခဲ့ပါတယ်

အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး

ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်

သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ

ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက်

တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့

နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4003
67000
Movie Star Series logo
Movie Star Series

17 de out. de 2026, 20:02

Photo1/2
ဘာသာရေးခေါင်းဆောင်တွေရဲ့နှလုံးကိုမှနှုတ်ယူသွားတဲ့သရဲမကြီး

ဇာတ်လမ်းရဲ့ အစကို ရွာမှာသရဲခြောက်လွန်းတယ်လို့ နာမည်ကြီးတဲ့ တောအုပ်တစ်အုပ်ကိုဖြတ်သွားတဲ့ဘာသာရေး ဆရာတစ်ဦး၊ သူ့ကို အိမ်က သမီးကိုသရဲကပ်နေလို့နှင်ပေးပါ ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့စတင်ထားပါတယ်။

အဲ့ဒီသရဲကိုအောင်မြင်စွာနှင်လိုက်နိုင်ပေမယ့် သရဲထက်ပို အစွမ်းထက်နေဟန်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ်လာပြီး သူတို့မိသားစုတစ်ခုလုံးကို သုတ်သင်သွားတဲ့အချိန်မှာ တော့..။ အဲ့ဒီအမျိုးသမီးကို စိတ္ထဇလူသတ်သမားလို့ယူဆပြီး စိတ်ရောဂါကုဆေးရုံထဲကိုထည့်လိုက်ကြပါတယ်။တစ်ချိန်တည်းမှာပဲ အဲ့ဒီစိတ်ရောဂါကုဆေးရုံထဲမှာ ထူးခြား တဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေသလို၊ အပြင်လောက မှာလည်း ဘာသာရေးခေါင်းဆောင်တွေကိုမှ သတ်ဖြတ်ပြီး နှလုံး ကိုလက်နက်မပါပဲ ဆွဲနုတ်ယူသွားတဲ့ ကွင်းဆက်လူသတ်မှုတွေဖြစ်ပေါ်နေပါတယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/fourkmoviechannel/2820
96000
Movie Star Series logo
Movie Star Series

16 de out. de 2026, 12:45

Photo1/2
‎နိုင်ငံရေးလောကရဲ့ နောက်ကွယ်က
လူမိုက်ကြီးများ ...
‎
‎ဒီဇာတ်ကားဟာ ဆုပေါင်း ၂၁ ဆု ရရှိခဲ့ပြီး ဝင်ငွေလည်း အောင်မြင်ခဲ့သလို မင်းသားကြီး လီဗြောင်ဟွန်းကလည်း အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။
‎
‎ဇာတ်ကားထဲမှာ အာဏာနဲ့ ငွေကြေးကို ချုပ်ကိုင်ထားတဲ့ နိုင်ငံရေးသမားတွေနဲ့ ခရိုနီတွေ ပါဝင်ပြီး ဇာတ်ကောင်တွေ ပီပြင်စေဖို့ နာမည်ကြီးသရုပ်ဆောင်တွေကို အသုံးပြုထားပါတယ်။
‎
‎နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားဆက်နွယ်မှုတွေ၊ အမှုစစ်တွေနဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍတွေ၊ နောက်ကွယ်က အရှုပ်အထွေးတွေကို လိုက်လံရှင်းလင်းပေးနေတဲ့ လူမိုက်တွေအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။
‎
‎သုံးနာရီနီးပါး ကြာမြင့်တဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်ကောင်တွေနဲ့ အကြောင်းအရာတွေ များပြားတာကြောင့် အခန်းတိုင်းကို သေချာအာရုံစိုက်ကြည့်ဖို့ လိုပါတယ်။
‎
ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/Action_mmsubb/249
249000
Movie Star Series logo
Movie Star Series

16 de out. de 2026, 12:35

Photo1/2
၁၉၅၀ ပြည့်လွန်နှစ်တွေမှာ မီလော်ဆိုတဲ့ စကားမပြောနိုင်တဲ့ မိခင်တစ်ယောက်ဟာ သားနဲ့သမီးတို့နဲ့အတူ အေးချမ်းစွာနေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မိခင်ဖြစ်သူ ကွယ်လွန်သွားတဲ့နောက် မိသားစုမျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ နတ်ဆိုးတစ်ကောင်ကို ဆက်ခံလိုက်ရပါတယ်။

အစပိုင်းမှာ မိသားစုကို ကာကွယ်ပေးသလို ထင်ရပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီနတ်ဆိုးဟာ မီလော်ရဲ့ ရုပ်သွင်နဲ့ မိခင်တစ်ယောက်အဖြစ် သူ့နေရာကိုပါ အစားထိုးဖို့ ကြိုးစားလာပါတော့တယ်။ မီလော်တစ်ယောက် ကိုယ့်မိသားစုနဲ့ ဘဝကို ဘယ်လိုကာကွယ်သွားမလဲ…။

မလေးရှားရိုးရာယုံကြည်မှုတွေကို အခြေခံထားပြီး ရုတ်တရက်လန့်စေတဲ့ Jump Scare တွေထက် တဖြည်းဖြည်း ကြောက်ရွံ့လာစေမယ့် အငွေ့အသက်ကို အသားပေးထားတဲ့ Horror ကားကောင်းတစ်ကားပါ။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/3998
117000
Movie Star Series logo
Movie Star Series

16 de out. de 2026, 12:32

Photo1/2
စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားဟာ ဟောလိဝုဒ်နာမည်ကြီးဇာတ်ကားတချို့ကို ပေါင်းစပ်ပြီး

Parody သဘောမျိုးအပြင် ကိုယ်ပိုင်အိုင်ဒီယာတချို့ပါ ကွန့်မြူး ရိုက်ကူးထားတဲ့ Comedy ဟာသကားစစ်စစ်ဖြစ်ပါတယ်။

ရယ်ရချက်ကတော့ ကြည့်နေချိန်တစ်ချိန်လုံး တခွိခွိဖြစ်နေလို့ ဘေးနားက လူတချို့တောင် သင့်ကို ရူးနေလားလို့ သမုတ်နိုင်ပါတယ်။
ဇာတ်ကြောင်းလေးကလဲ ထူးခြားဆန်းသစ်သလို စတီဖင်ချောင်နဲ့ သူ့ပါတနာ Ng Man‑tat တို့ရဲ့ သရုပ်ဆောင်ချက်တွေကလဲ အတော်ကို ထိမိလှပါတယ်။ ဇာတ်ကားက ကြာခဲ့လှပြီ ဖြစ်လို့ ကြည့်ပြီးသားဖြစ်နေရင်လဲ နောက်တစ်ကြိမ်ပြန်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ကြပ်ညှပ်တင်းကျပ်စွာ ရှင်သန်နေရတဲ့ ကျွန်တော်တို့ဘဝတွေကနေ ခဏတာ ထွက်ပေါက်ဖြစ်စေဖို့ ဒီဇာတ်ကားက ပံ့ပိုးပေးပါမယ်။

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/comedy_mmsubb/229
170001
Movie Star Series logo
Movie Star Series

16 de out. de 2026, 12:31

Photo1/2
အချစ်ဦးနဲ့ လှပတဲ့ အမှတ်တရတွေနဲ့
ဝေးကွာသွားတဲ့ သူတွေအတွက်......

ဒီကားလေးကတော့ မိန်းကလေး တစ်ယောက်တည်းကိုပဲ မပြောင်းလဲဘဲ
၁၅နှစ်တာလုံးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ကူးပုံဖော်ထားတဲ့ ရိုမန့်ကားလေးပါ။

ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ် ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ သူ့အသက် ၁၇နှစ်အရွယ်မှာပဲ ရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ် ။
အဲ့နောက်မှာတော့ ရှောင်ချီတစ်ယောက် ယုံစစ်နောက်ကနေ တကောက်ကောက်လိုက်ရင်း သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက်အတူတူ ပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ်။

တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီး ထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုးပြန်တွေ့ ကြမလဲ ရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလားဆိုတာ

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/3996
124000
Movie Star Series logo
Movie Star Series

15 de out. de 2026, 18:54

Photo1/2
‎ရှယ်ခွီပြီး ရှယ်နာမည်ကြီးနေတဲ့ ထိုင်း-ကိုရီးယား ဟာသရုံတင်ကားသစ်

‎ဂီတဝိုင်းတစ်ခုရဲ့ အဆိုတော်ဖြစ်သူ "ပူအီ" တစ်ယောက် ပြဿနာတွေတက်ကာ တီးဝိုင်းနဲ့ လမ်းခွဲခဲ့ရရုံတင်မကဘဲ အချစ်ရေးမှာလည်း အသည်းကွဲ၊ အကြွေးနွံထဲမှာပါ ရုန်းကန်နေရချိန်မှာတော့ သူမရဲ့ ဘဝသစ်ကို စတင်ဖို့ တောင်ကိုရီးယားနိုင်ငံ ဆူဆန်မြို့ဆီ ထွက်ခွာလာခဲ့ပါတော့တယ်...
‎
‎ဒါပေမဲ့ တောက်ပလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အိမ်မက်တွေက တကယ့်လက်တွေ့မှာတော့ မလွယ်ကူခဲ့ဘဲ တရားမဝင် ရွှေ့ပြောင်းလုပ်သားတစ်ယောက်အဖြစ် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ သွေးအေးအေးရင်ဆိုင်ခဲ့ရပါတယ်
‎
‎ဒီလိုနဲ့ ဥပဒေရဲ့ ဘောင်အပြင်ဘက်မှာ အသက်ဆက်နေရတဲ့ သူမရဲ့ ဘဝထဲကို "ဟုန်" ဆိုတဲ့ စိတ်ထားဖြူစင်ပြီး နွေးထွေးတဲ့ ကိုရီးယားအမျိုးသားတစ်ယောက် စတင်ဝင်ရောက်လာတဲ့အခါ...အခက်အခဲပေါင်းများစွာနဲ့ ရုန်းကန်နေရတဲ့ 'ပူအီ' အတွက်တော့ 'ဟုန်'က အမှောင်ထုထဲက ပထမဆုံးသော မျှော်လင့်ချက်အလင်းရောင်တစ်ခု ဖြစ်လာခဲ့ပေမဲ့...
‎
ဇာတ်ကားကြည့်ရန် ⬇️⬇
https://t.me/comedy_mmsubb/224
227000
Movie Star Series logo
Movie Star Series

15 de out. de 2026, 18:53

Photo1/2
‼တွေ့မရှောင် ဒါရိုက်တာတစ်ယောက်ရဲ့ ဘဝ ခရီးလမ်း‼

မှတ်တမ်းရုပ်ရှင် ရိုက်တဲ့ ဒါရိုက်တာပေါက်စတစ်ယောက်… အနားယူသွားတဲ့ နာမည်ကြီး ဒါရိုက်တာကြီး သုံးယောက်ကို အင်တာဗျူးဖို နယ်မြိုလေးတစ်မြိုကိုရောက်လာတယ်။

တည်းခိုခန်းကို ရောက်တဲ့ညမှာပဲ အဲဒီကိုအရင်ရောက်နှင့်နေတဲ့ ဒါရိုက်တာ ပေါက်စမလေးတစ်ယောက်နဲ့ ဘုတယ်။😎

နောက်နေ့ အင်တာဗျူးသွားရင်း အဲဒီဒါရိုက်တာရဲ့ တူမနဲ့ စာရေးဆရာမနဲ့ တွေ့တယ်။ ကြိုက်သွားတယ်။ နောက်နေ့ပါတီလုပ်ပြီး ပစ္စည်းသိမ်းရင်း ဘုတယ်။😎😎

ဒါရိုက်တာမကြီး ပန်းချီဆရာမကို သွားအင်တာဗျူးရင်း ဘုတယ်။😎😎😎

ဇာတ်လမ်းကတော့ အဲဒီလိုပဲ။ အတော်လေးကို အားပါးတရရှိလွန်းလှပါတယ်။

ဖိလစ်ပိုင်သူလေးတွေရဲ့ အလှအပကို စပယ်ရှယ်ခံစားရင်း ကြည့်လိုက်ကြပါတော့။🥰🥰

ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/3992
116000

Showing 30 of 40 posts

Avaliação

Login necessário

Frequently Asked Questions

Sobre o que é o canal Telegram Movie Star Series?+

Movie Star Series (@moviestar_series) é um canal Telegram listado em Filmes de Hollywood no tgdio. Ranking, avaliações, reviews e posts recentes para decidir antes de assinar. Atualmente lista cerca de 36.140 inscritos no tgdio.

Como entrar em Movie Star Series (@moviestar_series) no Telegram?+

Abra o perfil no tgdio e use Join / Open in Telegram para assinar @moviestar_series de graça.

Movie Star Series é um bom canal de Filmes de Hollywood?+

No tgdio você pode ver avaliação, reviews, ranking e posts de Movie Star Series antes de entrar. Atualmente lista cerca de 36.140 inscritos no tgdio. Compare com canais similares de Filmes de Hollywood.

Onde ver estatísticas e posts de Movie Star Series?+

No tgdio, abra @moviestar_series para stats de inscritos, ranking, avaliações e posts. Use Stats para gráficos.