1/2ဒီကပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးဖို့မလိုတဲ့ နာမည်ကျော် တူရကီဟော်ရာ ရုပ်ရှင်စီးရီးစ်ဖြစ်တဲ့Siccin ကတော့ ကိုးကားမြောက်ထွက်ရှိလာခဲ့ပါပြီ။
ထုံးစံအတိုင်းဖြစ်ရပ်မှန်ကိုပဲ အခြေခံထားပြီး ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူ ရီဇာကို ဘယ်တုန်းကမှမမြင်ခဲ့ဖူးတဲ့ ဂျီမယ်လ်ဆိုတဲ့ လူငယ်လေးကိုဗဟိုပြုထားပါတယ်။
ဂျီမယ်လ်ဟာ မကောင်းဆိုးဝါး ဝင်ရောက်ပူးကပ်ခံခဲ့ရပြီး ကောင်မလေးတစ်ယောက်ကို ခဲနဲ့ထုသတ်ခဲ့တာကြောင့်မိခင်ဖြစ်သူက မကောင်းဆိုးဝါးရဲ့ကလေး ဆိုပြီး အပနှင်ဆရာကိုခေါ်ယူမောင်းထုတ်ခဲ့ပါတယ်။
နောက်နေ့မှာတော့ သူ့မိခင်ကိုသေဆုံးလျက်သားရှာတွေ့ခဲ့တာကြောင့် သက်ရှိထင်ရှားဖြစ်နေတဲ့ဖခင်ဖြစ်သူ၊ သူ့ဇနီးနဲ့ သူ့အဖေတူမအေကွဲအစ်မ ဒင်းနစ် တို့ရှိရာအိမ်ကြီးကိုရောက်လာခဲ့ပါတယ်။
ဒါပေမယ့် ဂျီမယ်လ်နဲ့အတူပါလာတဲ့ ကျိန်စာဟာ အိမ်မှာရှိနေနှင့်သူတွေကို အိမ်မက်ဆိုးတွေ၊ဖြစ်ရပ်ဆိုးတွေနဲ့အတူ အတိတ်ကကြောက်စရာလျှို့ဝှက်ချက်ကြီးတစ်ခုပေါ်လာတဲ့အထိ တောက်လျှောက်မွှေနှောက်ပါတော့တယ်။
Siccin ဇာတ်ကားတွေထုံးစံအတိုင်း ကြောက်စရာမြင်ကွင်းတွေ၊ ရက်စက်တဲ့သတ်ဖြတ်မှုတွေ၊ သွေးထွက်သံယိုတွေတင်းကြမ်းပါဝင်လို့ကြည့်ရဲမှကြည့်သင့်တဲ့ကားပါပဲ။
ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/K_Drema_Movie/4005








