
ဒီဇာတ်ကားကို ကျွန်တော်ဟာ ဂူဂူး(Liu Yifei)ကြောင့်သာ ကြည့်ခဲ့ပေမယ့်
သာမန်ဇာတ်ကားလိုသာ မျှော်လင့်ခဲ့မိတာ အသေအချာပါ။
ဒါပေမယ့် တကယ်တမ်းခံစားကြည့်တော့ မမျှော်လင့်တဲ့ ခံစားချက်တချို့ ကြမ်းရှသွားခဲ့…….။ဂူဂူးဟာ ကျွန်တော်မျှော်လင့်ထားတာထက် ပိုကဗျာဆန်စွာ
နူးညံ့ချက်က ပိုးဇာကောင်လေးတွေအလား။
လိပ်ပြာတစ်မျိုးကို အခြေခံလို့ သူမရဲ့အနုပညာက သက်ဝင်လွန်းနေ။
အချစ်လား….
ခံစားချက်တွေ ပြတ်သားလွန်းနေသလိုလို….
နွဲ့နှောင်းလွန်းနေသလိုလို….ရှုပ်ထွေးနေခဲ့ပေမယ့် ရိုးရှင်းလွန်းခဲ့တာကြောင့်ဆိုတာ လူသားကျွန်တော် ခံစားမိနေ။ဒါဟာ ဇာတ်ကားတစ်ကားလား…
မော်ဒန်ကဗျာတစ်ပုဒ်လား…
ကျွန်တော် ဝေခွဲမရတတ်။
ကြိုက်တယ်လို့ မခံစားမိပေမယ့် မှိုင်းပြာမှုတစ်ချို့ကို ပါးလျလျရေးခြစ်မိ။
ဇာတ်လမ်းကို ဖော့လွန်းထားပေမယ့်
ကျွန်တော့်မှာတော့ ဒီလောက်နဲ့တင် အတော်နှောင်တွယ်မိနေပြီ။
အတွေးတွေကို အတောင်ပံတပ် ဆက်ပြီး ခံစားနေရတာကို
ဘဝင်မကျမိအောင် ကြိုက်မိပါတယ်။သြော်..ဂူဂူးလေးရယ်…
မင်းလေးဟာ Screen ထဲက ပြုစားတဲ့ မှော်ဆရာမလေးလားကွာ။
ဇာတ်ကားlink
https://t.me/c
ဒီlinkကိုအရင်joinပါ
https://t.me/+mHxcGbWQ8mZjZDdl








