
Gangstar ဆိုတဲ့အတိုင်း Gameloft ရဲ့ Gangstar Frenchie ဆိုတာ ဟိုးအရင်ကထဲက Mobile ပေါ်မှာ အောင်အောင်မြင်မြင်ရပ်တည်လာနိုင်ခဲ့တဲ့ Gameloft လက်ထွက် GTA clone တွေပါ, ဘယ်လောက်ထိလဲဆို Gameloft လို့ပြောလိုက်ရင် Gangster Vegas, Gangster Rios တို့ကိုပြေးမြင်ကြလောက်တဲ့အထိပါပဲ Gangster New Orlando အကြောင်းတော့မပြောတော့ပါဘူး ။
ကဲထွက်လာတာရက်ပိုင်းပဲရှိသေးတဲ့ Gangstar mirage ကတစ်ကယ်ပဲကောင်းလား? Free mobile game တစ်ခုအနေနဲ့တော့ မဆိုးလှပါဘူး Driving mechanic က stiff မဖြစ်ပဲ တော်တော်လေးအဆင်ပြေတယ် Gangstar Vegas မှာလို ကွေ့တဲ့အခါလေးလေးပင်ပင်မဖြစ်ဘူး မောင်းရတာပိုပြီးပေါ့ပေါ့ပါးပါးဖြစ်တယ် Online game ဖြစ်တဲ့အတွက် PVP ပါလာတဲ့အပြင်ကိုမှ Server ထဲမှာရှိသမျှလူတွေနဲ့ Mic ဖွင့်ပြီး အာသီးလဲယောင်လို့ရပါသေးတယ်, Graphics အနေနဲ့ဆိုရင်လဲမဆိုးလှပါဘူး GameကိုLow endတွေလောက်အထိOptimized ဖြစ်အောင်လုပ်ပေးထားပြီးတော့ Gameplay ပိုင်းမှာဆိုရင်လဲ store တွေကို rob လုပ်တာမျိုးတွေပါထည့်ပေးထားပြီး အလုံးစုံခြုံကြည့်ရရင် 6/10 လောက်ပေးလို့ရတဲ့ဂိမ်းပါ Free mobile game ကိုမှ အေးဆေး Chill လို့ရမဲ့gameတစ်gameထပ်တိုးလာတာပေါ့။










