
━━━━━━━━━━━━━━━━━━━
၁၆ ရက်နေ့မှာ စတင်ထုတ်လွှင့်လိုက်တဲ့ အထုပ္ပတ္တိ စွန့်စားခန်း ရုပ်ရှင်ကားကောင်းလေး တစ်ကားပါ။ ဒါရိုက်တာ ဂျန်နီဖာ ပီးဒမ်း ရိုက်ကူးထားပြီး ၂၀၂၆ ခုနှစ် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (TIFF) မှာလည်း ပြသခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဒီကားလေးကတော့ ၁၉၅၃ ခုနှစ်တုန်းက ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို ပထမဆုံး အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တဲ့ နီပေါ-အိန္ဒိယသား တင်ဇင်းနော်ဂေး နဲ့ နယူးဇီလန် တောင်တက်သမား ဆာ အက်ဒ်မန်ဟီလာရီ တို့ရဲ့ သမိုင်းဝင် တောင်တက်ခရီးစဉ်ကြီးအကြောင်းကို အသက်သွင်း ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာ အနောက်နိုင်ငံသား တောင်တက်သမားတွေက ဧဝရက်တောင်ကို အောင်နိုင်ရမယ့် အရာတစ်ခု အဖြစ် ရှုမြင်ကြပေမဲ့ တင်ဇင်း အတွက်ကတော့ ဒီတောင်ကြီးဟာ ချိုမိုလန်းမား လို့ခေါ်တဲ့ အထွတ်အမြတ်ထားရာ နတ်ဘုရားမကြီး တစ်ပါးဖြစ်နေပါတယ်။
ဒါကြောင့် တောင်ပေါ်ကို တက်ကြတဲ့အခါ အသက်အန္တရာယ် ကြောက်စရာကောင်းတဲ့ သဘာဝဘေးတွေအပြင် မတူညီတဲ့ ယဉ်ကျေးမှု၊ လူတန်းစား ခွဲခြားဆက်ဆံမှုတွေနဲ့ ကိုလိုနီခေတ်ရဲ့ ဖိနှိပ်မှုတွေကိုပါ သူတို့ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲ ဆိုတာကို မြင်တွေ့ရမှာပါ။ ဒါပေမဲ့ တောင်ထိပ်နား ရောက်လာတဲ့အခါမှာတော့ အဆင့်အတန်းတွေ၊ မာနတွေ အကုန်ပျောက်ကွယ်သွားပြီး လူသားနှစ်ယောက်ကြားက အပြန်အလှန် ယုံကြည်လေးစားမှုနဲ့ ကြိုးစားအားထုတ်မှုတွေကို သေချာလေး ရိုက်ပြထားပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ တင်ဇင်းနော်ဂေး အဖြစ် ဂျန်ဒန်ဖွန်ဆော့၊ ဆာအက်ဒ်မန်ဟီလာရီ အဖြစ် နာမည်ကြီး မင်းသား တွမ်ဟစ်ဒယ်စတန် နဲ့ တောင်တက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဂျွန်ဟန့်တ် အဖြစ် ဝီလျံဒါဖိုး တို့က အပီပြင်ဆုံး ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇနီးဖြစ်သူ ဒါဝါ အဖြစ် သင်းလေလာမို နဲ့ တောင်တက်အဖွဲ့ အတွင်းရေးမှူး ဂျေးလ် ဟန်ဒါဆန် အဖြစ် ကက်ထရီယိုနာ ဘဲလ်ဖ် တို့ကလည်း အားဖြည့် ပါဝင်ထားပါတယ်။ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ဇာတ်လမ်းကောင်းလေးတွေကို သဘောကျတယ် ဆိုရင်တော့ ရုပ်ထွက်အလွန်လှပပြီး အသက်ရှူမှားလောက်တဲ့ ရှုခင်းတွေနဲ့အတူ ကြည့်ရှုရမယ့် ဒီရုပ်ရှင်ကားလေးကို ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။
ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️








